top of page

Recent news

ပညာ သမာ အာဘာနတ္ထိ လောက၌ပညာနှင့်တူသော အလင်းရောင်မရှိ

ပညာ အလင်းမရ၍ ဘ၀နှင့် ဦးဏှောက် အမှောင် ကျရောက်နေသော ကျွန်ုပ် တို့ရဲ့ လူသား အရင်း အမြစ် ဖွံ့ဖြိုးဖို့ ဆိုရင်

ပညာရေးမှတပါး အခြားမရှိ ဟူသော ထုံးကို နှလုံးမူ၍ စိမ်းလန်း ပညာရေး ဖောင်ဒေးရှင်း သို့ ဆင်းရဲနွမ်းပါးသော ကျေးလက်ဒေသရှိ ကလေးသူငယ်များအတွက် -

လောကမှာ ပညာနှင့်ကိုယ်ကျင့်တရားကို မြှင့်တင်ပေးခြင်းသည် လူသားအရင်းအမြစ် ကို မြှင့်တင်ရန် အကောင်းဆုံးသောနည်းလမ်းဖြစ်သည်၊

အမှောင်လေက၏  အဖြူရောင်စာရွက်ပေါ်မှာ ဦးဏှောက်မီးပျက်ပြီး ဘ၀အလင်းရောင်မဲ့နေတဲ့ ကျေးလက်ဒေသရှိ ကလေးသူငယ်များ အရောင်ပြန်အလင်းတန်းနှင့် ဂုဏ်ရှိန်မြင့်တဲ့ မြန်မာ့လူဘောင်အဖွဲ့ အစည်းများဖြစ်ဖို့  ပညာရေးသည် အဓိက foundation ဖြစ်ပါသည်။

ဂုဏ်ရှိန်မြင့်လူ့  အဖွဲ့  အစည်းဖြစ်ဘို့ အတွက် မြှင့် တင်ခြင်းကို အသက်ဆက်နိုင်ရန် ချီးမြှောက်ခြင်း အောက်စီဂျင်များ လိုအပ်လျှက်ရှိပါသည်။ အလှူရှင်များ အနေဖြင့် စာနာစိတ်နဲ့  နိုင်ရာ တာဝန်ကို ထမ်းဆောင် ပေးကြပါဦးလို့ မေတ္တာရပ်ခံအပ်ပါသည်။

ဦးတင်ထွန်းအောင် (Managing Director _ Shogun Co., Ltd. ) မိသားစုမှ ပထမ အကြိမ် 1.6.2014 တွင် ကျပ်ငွေ သိန်း ၃၀ ကျပ်၊ ဒုတိယအကြိမ် 2.7.2014 တွင် ကျပ်ငွေ သိန်း ၃၀ ကျပ်၊ လှူဒါန်းပါသည်။

Active News

     Green Education Foundation. မှ 19.10.2014 တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲ ကို နေ့လည် ၁ နာရီမှ ညနေ ၅ နာရီထိ ရွှေသံလွင် ကွန်ဒို၊ အခန်း 004၊ မြေညီထပ် တွင် ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် GEF Organization မှ Operation Director အရှင် ဇောတိပါလ၊ ZYP Co., Ltd မှ Chairman ဦးသန်းအောင်၊ GEF organization မှ Chairman  ဦးဇေယျာဖြိုး နှင့် ဇနီး၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အလှူရှင်များ၊ United Nation မှ စာကြည့်တိုက်မှူး (ငြိမ်း) ဒေါ်အ၀င်း၊ Ms. Wijngaarde Inez ၊ IT & Web developer ကိုဇော်မျိုးနိုင် တို့ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ 

           ထိုသို့ ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အချက်လက်များကို စုစည်း၍ ဖြစ်ပေါ်လာသည့် အခြေနေ အရပ်ရပ်ကို သုံးသပ်တင်ပြကြပါသည်။ Ms. Wijngaarde Inez က သိလိုသည်များကို မေးမြန်းကာ ဦးဇေယျာဖြိုးနှင့် ဆရာတော် အရှင် ဇောတိပါလမှ မြန်မာနိုင်ငံ၏ ပညာရေးစီးပွားရေး ဆိုင်ရာ သုံးသပ်ချက်များကို အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။ 

     Ms.Wijngaarde Inez မှ MSME နှင့် ပတ်သက်၍ ရှင်းလင်း ပြောဆိုခဲ့ပါသည်။ ၎င်းမှ MSME ဆိုသည်မှာ အသေးစား လုပ်ငန်းရှင်များ၊ အသေးစားထက် ပိုကြီးသော လုပ်ငန်းရှင်များ၊ အလယ်လတ်တန်း လုပ်ငန်းရှင်များ၊ အကြီးစား လုပ်ငန်းရှင်များ ဟု ခွဲခြမ်းစိတ်ဖြာကာ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဒေါ်ဆူစန်သန်း မှလည်း လက်ရှိ မြန်မာနိုင်ငံတွင်လည်ပတ်နေသော Banking အကြောင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ဒေါ်အ၀င်းမှလည်း GEF ၏လုပ်ငန်းစဉ်ဆိုင်ရာ များကိုလည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက်များအရ လည်ပတ်နေသော စီးပွားရေးကွန်ရက်ထဲတွင် ကျေးလက်ဒေသနေ လူတန်းစားများနှင့် ၎င်းတို့ အလုပ်လက်မဲ့ မဖြစ်စေရန်ရည်ရွယ်၍ စက်ယက္ကန်းလုပ်ငန်းစဉ်တစ်ခု အကောင်အထည်ပေါ်နိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း ဆွေးနွေးတိုင်ပင်ညှိနှိုင်းနိုင်ရန်၊ ဆွေးနွေးပွဲများကို လစဉ်လတိုင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများလည်း လာရောက်ဆွေးနွေးနိုင်ပါရန်၊ စီစဉ်ခဲ့ကြပြီးနောက် ဆွေးနွေးပွဲကို ညနေ ၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

bottom of page